ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဇူလိူင်လ ၂ ရက်နေ့က အကြမ်းစစ်အုပ်စုပစ်ခတ်လို့ တောင်ယာကနေပြန်လာတဲ့ လျံဇွားလ်ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်ကဲ့ တစ်ယောက်သတ်ခံရတယ်လို့တော့ကြားတယ်။ နာမည်တော့မသိဘူး။ ဒီနေ့လည်း ဖလမ်းဘက်ကို ခြေလျင်နဲ့လာနေကြတယ်လို့ မြို့ထဲမှာပြောနေကြတယ်” လို့ ဖလမ်းမြို့ခံတဦးက DNA ကို ပြောပါတယ်။
လျံဇွားလ် ရွာသားကို ပစ်ခတ်ခဲ့တဲ့ စစ်အုပ်စုဟာ ကလေးမြို့က တက်သွားတဲ့စစ်ကြောင်းလို့သိရပြီး အဲဒီရွာမှာပဲ ကားအစီးနှစ်ဆယ်ရပ်နားတပ်ချထားတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
ပါသဲလ်ရွာကနေ ဖလမ်းဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်သားတွေဟာ လမ်းတစ်လျောက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ Zalen မှာ ဖော်ပြထားပါတယ်။