စစ်ကိုင်းတိုင်း ချောင်းဦးဘက်ကလာတဲ့ ကား(၃)စီးပါတဲ့အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို မနေ့က ဇူလိုင်လ၁ရက်နေ့မှာ မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ဦးအနည်းဆုံး သေဆုံးခဲ့ တယ်လို့ Myaung Pdf Cdsomက သတင်းထုတ်ပြန်ပါတယ်။
အင်အား ၅၀ ပါတဲ့ ၁၂ ဘီးကားကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်းပြီး မိုင်း၊ တစ်ဖက်ပွင့်နဲ့ တစ်လုံးထိုးသေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မှာ စစ်ကောင်စီတပ်သား ၁၅ယောက် အနည်းဆုံးသေပြီး ကျန်သူတွေ ဒဏ်ရာအပြင်းအထန်ရကာ ကားတွေနဲ့သယ်ထုတ်သွားရတယ်လို့ Myaung Pdf Cdsomက ဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးကို CDSOM အဖွဲ့ ၊ CDSOM ရဲ့ မြောက်ပိုင်း ၀၀၇ အဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း၁မှ တပ်ခွဲ၃၊ CRF မြင်းမူမြို့ပြပြောက်ကျားအဖွဲ့၊ Black Eagle မြင်းမူ လင်းယုန်နက်အဖွဲ၊ CRA ချောင်းဦး တော်လှန်ရေးတပ်၊ MPTF မုံရွာ ကာကွယ်ရေးအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း၁၊၂မှ တပ်ခွဲ ၃အဖွဲ့စုစုပေါင်း မဟာမိတ် ၇ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။