ခင်ဦးမှာ စစ်အုပ်စုကားတိုက်ခိုက်ခံရပြီး ရဲအုပ်အပါအဝင် ၁၁ဦးသေဆုံး

Photo – ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂၂ရက် မနက် ၁၀နာရီခွဲလောက်က ရေဦးစခန်းကနေထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၁ယောက် လိုက်ပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုကားကို ခင်ဦး-ရေဦး ကားလမ်း SMC မူးဘောင် တံတားပေါ်မှာ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ညီနောင် မဟာမိတ် အင်အားစုများ၊ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ (LDF) တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
တိုက်ပွဲချိန် ၁နာရီလောက်ကြာမြင့်ခဲ့ပြီးနောက် စစ်အုပ်စုဘက်က ရဲအုပ်နဲ့ ဒုရဲမှူးအပါအဝင် စုစုပေါင်း ၁၁ယောက်သေဆုံးပြီး ပကဖနဲ့ LDF ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။