မဟာအောင်မြေမှာ တပ်ကြပ်ကြီးတစ်ဦး အပစ်ခံရ

ဒီနေ့မနက် ၇နာရီခွဲလောက်မှာ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ Generation Z Power-GZP (Mandalay) က ထုတ်ပြန်ပါတယ်။
ရန်ကုန်ကနေပြန်လာတဲ့ တပ်ကြပ်ကြီးမျိုးထွေးဆိုသူကို မဟာအောင်မြေမြို့နယ်၊သံလျက်မှော်အနောက်၊ အောင်ချမ်းသာရပ်ကွက်မှာ ကျည်ဆန်၅တောင့်နဲ့ ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ တပ်ကြပ်ကြီးမျိုးထွေးဟာ အခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း ထုတ်ပြန်ထားပါတယ်။