တိုက်ပွဲဝင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းဝယ်ရာမှာ တာဝန်ယူမှုမရှိတဲ့ ပွဲစားတွေကို အရေးယူမယ်

တိုက်ပွဲဝင်ဖို့ လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေဝယ်ယူရာမှာ အရည်အသွေး မပြည့်တာတွေပေးပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ပွဲစားတွေကို အရေးယူတော့မယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတချို့ကထုတ်ပြန် လိုက်ပါတယ်။
ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူတွေရဲ့ချွေးနည်းစာ လှူဒါန်းငွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို တစ်ဆင့်ခံပွဲစားတွေကနေဝယ်ယူကာ တိုက်ပွဲဝင်နေရတယ်လို့ ချောင်းဦးမြို့နယ်အ ခြေစိုက်Farmer Revolution Force FRF (CHU) ကထုတ်ပြန်ပါတယ်။
အဲဒီလိုဝယ်ယူရာမှာ ပွဲစားတွေဟာ ငွေကြေးကိုအပြည့်အဝယူထားပြီး အရည်အသွေးမပြည့်တဲ့ပစ္စည်းတွေပေး ခြင်း၊ပစ္စည်းပြန်လဲပေးဖို့ တောင်းဆိုရာမှာ ကတိမတည်ဘဲ ရက်ရွှေ့ဆိုင်းနေခြင်း၊တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း ပြုလုပ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ငွေအခက်အခဲ၊ပစ္စည်းအခက် အခဲနဲ့ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် အဲဒီလိုပွဲစားတွေကို အရေးယူတော့မှာဖြစ်ကြောင်း Farmer Revolution Force FRF (CHU) က ထုတ်ပြန်လိုက်သလို People’s Defence Force – South Monywa ကလည်း Farmer Revolution Force FRF (CHU) ရဲ့ ထုတ်ပြန်ချက်ကိုထောက်ခံကာ သူတို့အဖွဲ့ဟာလည်း အဲဒီလို အခက်အခဲတွေ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
လိုအပ်လာပါက PDF – South Monywa ကလည်း တစ်ဆင့်ခံကြားပွဲစားတွေကို အရေးယူမှု ပြုလုပ်ရတော့မယ်လို့ ထုတ်ပြန်ပါတယ်။
‘တော်လှန်ရေးအတွက်ပြည်သူတွေက နိုင်တဲ့ဝန်ထမ်းပြီးကူနေတဲ့အချိန်မှာ ဒီပွဲစားတွေက တော်လှန်ရေးကနေ အမြတ်ထုတ်ပြီး ကိုယ်ကျိုးစီးပွားရှာရဲတာ အင်မတန်အံ့ဩရတယ်’လို့ မုံရွာမြို့၊ထန်းတောရပ်နေ ပြည်သူတစ်ဦးကပြောပါတယ်။
ပုံစာ- Farmer Revolution Force FRF (CHU)ရဲဘော်တွေ