စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတစ်လျှောက် စစ်တပ်က မိုင်းရှင်းလင်းရေး လုပ်နေတာကြောင့် အနီးဝန်းကျင်ရှိ ရွာ ၇ ရွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်ကစပြီး ယင်းမာပင်မြို့နယ်၊ရွှေတောင်ဦးကို စစ်သားနဲ့ပျူစောထီးတွေလိုက်ပါလာတဲ့ ကားကြီး ၆ စီးရောက်လာကာ ပုသိမ်-မုံရွာကားလမ်းတစ်လျှောက် ကိုက်၅၀၀အကွာလောက်ကနေ မိုင်းရှင်း နေ ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
‘ထုံးစံအတိုင်း သူတို့လူတွေလာမှာမို့ မိုင်းလာရှင်းတာလို့ကြားတယ်။ကားလမ်းဘေးဝဲယာပေါ့။PDFတွေရဲ့မိုင်း ကို စစ်ခွေးတွေသိပ်ကြောက်နေတော့ မိုင်းဆွဲနိုင်ခြေရှိတဲ့နေရာတွေကို မိုင်းရှင်းတာ။ခွေးတွေလာတော့ လမ်း ဘေးရွာတွေက ပြေးရတာ ထုံးစံလိုပါပဲ’လို့ ယင်းမာပင်မြို့ပေါ်နေ လူငယ်တစ်ဦးကပြောပါတယ်။
ချင်းတောင်ကနေပြန်ဆင်းလာတဲ့ စစ်တပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ယင်းမာပင်နယ် ထဲမှာ မိုင်းဆွဲခဲ့ရာ သေဆုံး ထိခိုက်မှု များတယ်လို့ ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက ဆိုပါတယ်။
အဲဒီစစ်တပ်ဟာ ဒီနေ့မနက်၁၀နာရီလောက်မှာ ယင်းမာပင်မြို့နယ်၊လည်ငေါက်ရွာထဲဝင်ပြီး ပြည်သူတွေရဲ့ အိမ်ထောင်ပစ္စည်းတွေကို လုယက်ခဲ့တယ်လို့လည်းဆိုပါတယ်။