ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့၊အမှတ် (၁၅)ရပ်ကွက် နဲ့ အမှတ်(၁)ရပ်ကွက်ကြား ပီမိုးနင်းလမ်း နဲ့တောင်ငူလမ်းထောင့်မှာ ဇွန်လ ၇ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့နဲ့ အုပ်စုဖွဲ့လုယက်သူတွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အုပ်စုဖွဲ့လုယက်သူထဲက တဦးနဲ့ လမ်းသွားလမ်းလာတဦး ဒဏ်ရာခဲ့တယ်လို့ လှိုင်သာယာသားတဦးက DNA ကိုပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဆိုတော်ဇင်ကြီးကို လုပ်ကြံခဲ့သူတွေကို အုပ်ချုပ်ရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးတယ်လို့လည်း သတင်းတွေ ပျံ့နှံ့နေတာပါ။
“မဟုတ်ပါဘူး။ဘယ်သူကပြောလည်း ဇင်းကြီးကိုသတ်တဲ့သူတွေလို့။အုပ်စုဖွဲ့ လုယက်နေတဲ့အဖွဲ့ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းတာ။အဲ့ဒီမှာ ပစ်ခတ်ကြတာ။တစ်ယောက်ထိသွားတယ်။နောက်တစ်ယောက်က သူ့ဘာသာ စက်ဘီးစီးလာတဲ့သူ”လို့ အခင်းဖြစ်တဲ့ အနီးဝန်းကျင်မှာ ရှိခဲ့သူက ပြောတာပါ။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ မကြာခဏဆိုသလို လုယက်မှုတွေဖြစ်လေ့ရှိပြီး ၊ အုပ်ချုပ်ရေးအဖွဲ့ဆီမှာလည်း စစ်တပ်က သေနတ်တွေပေးထားပုံရတဲ့အတွက် အခုလို ပစ်ခတ်မှု ဖြစ်သွားတာလို့လည်း တခြားလှိုင်သာယာသားတဦးက မှတ်ချက်ပေးပါတယ်။
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်ဖြစ်စဥ်မှာ သေနတ်ဒဏ်ရာရရှိခဲ့သူတွေဟာ အုပ်စုဖွဲ့လုယက်သူတွေကတစ်ဦးနဲ့လမ်းသွားလမ်းလာတစ်ဦးတို့ဖြစ်ပြီးအဆိုတော်ဇင်ကြီးကိုပစ်ခတ်ခဲ့သူတွေမဟုတ်ဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ပ၀်ခတ်မှုဖြစ်စဥ်ဟာ ဇွန် ၇ရက်နေ့ ညနေ၅နာရီခွဲလောက်မှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်နဲ့ အမှတ် (၁)ရပ်ကွက်ကြား ပီမိုးနင်းလမ်းနဲ့ တောင်ငူလမ်းထောင့်မှာ ဖြစ်ပွားခဲ့တာပါ။
အုပ်စုဖွဲ့ရမ်းကားသူတွေကို အကြမ်းဖက်စစ်အုပ်စုထောက်တိုင်ဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ဒီနေရာက လုယက်မှုတွေခဏ၊ခဏဖြစ်နေကျနေရာပါ။လုယက်သူတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့တန်းတိုးပြီး အုပ်ချုပ်ရေးအဖွဲ့က ဖမ်းတာ။အဲ့ဒီမှာ အုပ်ချုပ်ရေးအဖွဲ့ဘက်ကပစ်လိုက်လို့ လုယက်တဲ့အဖွဲ့ဘက်က တစ်ယောက်နဲ့လမ်းသွားလမ်းလာတစ်ယောက်ရင်ဘတ်ထိသွားတာပါ”လို့ ဆိုပါတယ်။
အခုလိုပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်လော်ဘီအုပ်စုတွေက ထိခိုက်ဒဏ်ရာရရှိသူတွေဟာ စစ်တပ်ဒလန်လို့ စွပ်စွဲခံရတဲ့ ဇင်ကြီးကို ပစ်ခတ်ခဲ့သူတွေဖြစ်တယ်လို့ဆိုနေကြပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဧကရာဇ်ဟိုတယ်ဘေး အလုပ်သမားတန်းလျားမှာ ဇွန်လ၅ရက်၊ည၁၁နာရီခွဲက Myanmar Idol Season 2အဆိုတော် ဇင်ကြီးကို အမည်မသိအမျိုးသား၄ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့ဖြစ်ပါတယ်။ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနေရာတွင်ပဲ သေဆုံးခဲ့သလို ဇင်ကြီးကတော့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။