တရုတ်-ဆွစ်ဇာလန် ကုန်သွယ်ရေး ဆွေးနွေးကြိုးပမ်းမှု ဆွစ်ဇလန်ဘက်က ရပ်ဆိုင်း

Photo – Reuters
 
ပေကျင်းရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ပိုမိုဝေဖန်ရှုမြင်လာတာကြောင့် တရုတ်နိုင်ငံနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို ပြန်လည်ဆန်းသစ်ဖို့ ဆွစ်ဇာလန်ရဲ့ ကြိုးပမ်းမှုတွေ ရပ်ဆိုင်းသွားတယ်လို့ ဆွစ်ဇာလန်သတင်း စာတွေက မေလ ၂၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဆွစ်ဇာလန်နဲ့တရုတ်တို့ဟာ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ကို ၂၀၁၃ မှာ လက်မှတ်ရေးထိုးခဲ့ပြီး အဲဒါဟာ ဘေဂျင်းရဲ့ ဥရောပစီးပွားရေးပထမဆုံးသဘောတူညီချက်ဖြစ်ခဲ့ပါတယ်။
“ခုချိန်ထိ ပိုပြီးနက်နက်နဲနဲ လေ့လာသင့်တဲ့ဘုံအကြောင်းအရာတွေကို သဘောတူဖို့ မဖြစ်နိုင်သေးဘူး” လို့ ဆွစ်ဇာလန်နိုင်ငံစီးပွားရေးရာနိုင်ငံတော်အတွင်းဝန်ရုံး (SECO)က ပြောပါတယ်။
အမျိုးသားကောင်စီဥပဒေရေးရာကော်မတီက မကြာသေးမီကမှ အတည်ပြုခဲ့တဲ့ ဆွဇ်ပါလီမန်လွှတ်တော် အဆိုပြုချက်တစ်ခုမှာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ ဝီဂါလူမျိုးတွေကို အဓမ္မလုပ်အားပေးစေခိုင်းနေ တာကို အမှန်တကယ်ပြဿနာတစ်ခုအဖြစ် ရှုတ်ချခဲ့ပါတယ်။
အနောက်နိုင်ငံတွေနဲ့လူ့အခွင့်အရေးအဖွဲ့တွေက ရှင်ကျန်းအာဏာပိုင်တွေဟာ စခန်းတွေမှာ ဝီဂါ နဲ့ တခြားလူနည်းစုတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေတယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီစွပ်စွဲချက်တွေကို ပေကျင်းက ငြင်းဆိုထားပြီး စခန်းတွေကို ဘာသာရေးအစွန်းရောက်မှုတိုက်ဖျက်ဖို့ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး အဆောက်အအုံတွေအဖြစ် ဖော်ပြထားတယ်လို့ဆိုပါတယ်။
“ဆွစ်ဇာလန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးမှတ်တမ်းအပေါ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ သံတမန်ရေးအရ လုပ်ဆောင်သင့်တယ်” လို့ စက်မှုလုပ်ငန်းအဖွဲ့အစည်း Swissmem မှ စီးပွားရေးမူဝါဒ အကြီးအကဲJean-Philippe Kohl က ပြောပါတယ်။