အီဂျစ်သမ္မတလောင်း Aboul Fotouh ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်

Photo – Reuters

အီဂျစ်တရားရုံးတစ်ခုဟာယခင်က သမ္မတလောင်း Abdel Moneim Aboul Fotouh နဲ့ မွတ်စလင်ညီအကိုတော်များ အဖွဲ့မှ အထင်ကရပုဂ္ဂိုလ်အများအပြားကို နိုင်ငံတော်အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုအပါအဝင် စွပ်စွဲချက် တွေ အတွက် မေလ ၂၉ ရက်မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တာပါ။

Aboul Fotouh ဟာ နိုင်ငံရေးသမားဟောင်း အီဂျစ်သမားတော်တစ်ဦးဖြစ်ပြီး အရင်က မွတ်စလင် ညီအကိုတော်များအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၁၁ခုနှစ်နဲ့၂၀၁၂ ခုနှစ်မှာ တစ်သီးပုဂ္ဂလ အဖြစ် အီဂျစ်သမ္မတနေရာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၇၀ အရွယ်ရှိ Aboul Fotouh ကို ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့ပြီး မိသားစုပြောချက်အရ ဆေးကုသရမယ့်ကျန်းမာရေးအခြေအနေကို ခံစားနေရတာကြောင့် အယူခံဝင်နိုင်တယ်လို့ တရားရုံးစီရင်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ထောက်ဖြစ်တဲ့ Mohamed al-Qassas ကို ထောင်ဒဏ် ၁၀ နှစ်၊ ၂၀၂၀ ခုနှစ် ကိုင်ရိုမှာ ထိန်းသိမ်းခံခဲ့ရတဲ့ ယာယီအဖွဲ့ခေါင်းဆောင်ဟောင်း Mahmoud Ezzat ကို ထောင်ဒဏ် ၁၅ နှစ်၊ ပြည်ပရောက် ညီအကိုတော်များအဖွဲ့ခေါင်းဆောင် Ibrahim Mounir ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်လူထုဆန္ဒပြပွဲအပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ Mohamed Morsi ကို စစ်တပ်အကြီးအကဲ Sisi က ဦးဆောင်ဖြုတ်ချပြီးနောက် ညီအစ်ကိုများအဖွဲ့ကို ပိတ်ပင်ခဲ့ပါတယ်။Aboul Fotouh ဟာ သမ္မတ Abdel Fattah al-Sisi ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ပြီးနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ ဖမ်းဆီးခံခဲ့ရတာပါ။