စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်းဖြတ်သန်းလာတဲ့ စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား၂စီးထိ မှန်ပြီး စစ်သား၁၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းကနေထွက်လာတဲ့ စစ်ကား၃စီးကို မေလ၂၉ရက်နေ့ ညနေ၆နာရီလောက်က မြင်းမူမြို့နယ်၊နပဲကြူး ဇရပ်အနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်လို့ Moe Nyo Revolution Force M.N.R.F ကထုတ်ပြန်ပါတယ်။
မိုင်ဆွဲခံရပြီးနောက်စစ်ကားတွေ ရှေ့မတက်တော့ဘဲ လာရမ်းလမ်းအတိုင်းပြန်ဆုတ်သွားတယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.Fက ဦးဆောင်ကာ PENTAGRAMငါးထောင့်ကြယ် ၊ PEOPLE REVOLUTION FORCE P.R.Fနဲ့ People’s Guerillas Commando – Myinmu ညီနောင်လေးဖွဲ့တို့က ပူးပေါင်းတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။