ဂန့်ဂေါခရိုင်၊ မြစ်သာရေလှောင်တမံ ဒေသအတွင်း ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြင်းအားမြင့် မိုင်း၃လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၆နာရီလောက်ကဆိုင်ကယ်၃စီး၊ကား၃စီးတို့နဲ့ ရေလှောင်တမံဒေသအတွင်း နယ်မြေစိုးမိုးရေးအတွက်ကင်းလှည့် လာတဲ့ စစ်တပ်ကို အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်သေဆုံးအခြေအနေကို မသိရသေးဘူးလို့ Yaw Defense Force-YDF ကထုတ်ပြန်ပါတယ်။
မိုင်း ပေါက်ကွဲသံကို ၁၅ မိုင်လောက်အထိကျယ်လောင်စွာကြားရတယ်လို့လည်း ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မေလ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ မြစ်သာရေလှောင်တမံ ဒေသအတွင်း စစ်ရဟတ်ယာဉ်၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်သားအင်အား ၈၀ ကျော်ချထားပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။