မန်ကျည်းစုကျေးရွာက နေအိမ်တွေကို စစ်အုပ်စုက ဖျက်ဆီးလုယက်ပြီး ပြည်သူ ၅ဦးကို ဖမ်းဆီး

မန္တလေးတိုင်း မြင်းခြံမြို့နယ် မန်ကျည်းစုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးလုယက်ပြီး ပြည်သူ ၅ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၇ရက်နေ့ မနက် ၅နာရီခန့်မှာ အင်အား ၃၀ခန့်ပါဝင်တဲ့ စစ်အုပ်စုဟာ မန်ကျည်းစုကျေးရွာကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ ရေတွင်းတွေ စလောင်းတွေ TVတွေကို ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်တစ်စီးကိုလည်း လုယူသွားခဲ့ပါတယ်။
ဒါ့အပြင် မန်ကျည်းစုကျေးရွာမှာ ဆေးရွက်ကြီးလာသိပ်နေတဲ့ လယ်သစ်ကျေးရွာက ပြည်သူ ၅ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး နဘူးအိုင်ကျေးရွာ စာသင်ကျောင်းမှာ တပ်စခန်းချထားတယ်လို့ သိရပါတယ်။