ခမရ ၅၃၄တပ်ရင်းမှူး နှုတ်ဆက်ပွဲမှာ ဗုံးပေါက်

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်လက်အောက်ခံ ခမရ ၅၃၄က တပ်ရင်းမှူး ဗိုလ်မှူး ထွန်းစည်သူကျော် နှုတ်ဆက်ပွဲ လုပ်​နေချိန် ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂၇ရက်နေ့ ည၉နာရီ​လောက်က မော်လမြိုင်ကျွန်းမြို့ ရွှေရည်ဦးစားသောက်ဆိုင်မှာ တပ်ရင်းမှူး ဗိုလ်မှူး ထွန်းစည်သူကျော် နှုတ်ဆက်ပွဲ လုပ်​နေချိန်မှာ Mawgyun-STFက ဗုံးတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ည ၁၁နာရီခွဲ​လောက်မှာ မော်လမြိုင်ကျွန်းမြို့ ရဲစခန်းစခန်းမှာ ဗုံးထောင်ပြီးနောက် သွေးသစ္စာသီချင်း ဖွင့်လှစ်ကာ စစ်အုပ်စုကို ခေါ်ထုတ်ခဲ့ပေမယ့် ရဲစခန်းအတွင်းကနေ ထွက်မလာတာကြောင့် အသင့်ထောင်ထားတဲ့ ဗုံးတွေကို ဖောက်ခွဲပစ်ခဲ့ရတယ်လို့ Mawgyun-STFက ထည့်သွင်းထုတ်ပြန်ထားပါတယ်။
Mawgyun-STFအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ စစ်အုပ်စုနဲ့ နီးရာမှာ နေထိုင် သွားလာတာတွေ မလုပ်ဆောင်ဖို့ မေတ္တာရပ်ခံထားပါတယ်။
ဓါတ်ပုံ- ခမရ ၅၃၄ တပ်ရင်းမှူး ဗိုလ်မှူး ထွန်းစည်သူကျော်