ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ရန်ကုန်-အိမ်မဲ-မြောင်းမြလမ်း ရွာသစ်ကျေးရွာအနီးမှာ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၁၅ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ လမ်းချော်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဒေသခံတွေ၊ ပရဟိတအဖွဲ့တွေနဲ့ အရံမီးသတ်တပ်ဖွဲ့က ကယ်ဆယ်ပြီး ရွာသစ်တိုက်နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
“လမ်းချော်ပြီးတော့ ဘေးထိုးဆင်းသွားတာ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်း ရှိတယ် ကားက ငရုတ်ကောင်းကနေ လာတာ ကျွန်းကုန်းကိုသွားမဲ့ကား၊ ဘယ်သူတွေလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။