မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဆဲလ်လာရာမြို့မှာ မေလ ၂၄ရက်က သေနတ်သမား ၁၀ယောက်ကျော်က ဘားဆိုင်နှစ်ဆိုင်ကို ပစ်ခတ်မှုအတွင်း လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။
ဘားဆိုင်နှစ်ဆိုင်အတွင်း သေနတ်ပစ်ခတ်လို့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၃ ဦး နေရာမှာတင် သေဆုံးသွားတယ်” လို့ ဂွါနာဂျူတိုပြည်နယ် ဆဲလ်လာရာမြို့ရှိလုံခြုံရေးအရာရှိတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦး ဆေးရုံမှာ ထပ်မံသေဆုံးခဲ့ပြီး အခြားလူနှစ်ဦးလည်း ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ သေနတ်သမား ၁၅ယောက်လောက် ပါဝင်ပြီး သူတို့ဟာ မီးလောင်ဗု့းတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ El Universal သတင်းဌာနကက ဖော်ပြပါတယ်။
မက္ကဆီကိုနိုင်ငံ အမျိုးသားအစောင့်တပ်ဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဂွါနာဂျူတိုပြည်နယ် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်သမားတွေကို ရှာဖွေနေတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
မူးယစ်ဆေးဝါးဂိုဏ်းတွေက သူတို့ပိုင်နက်ကို ထိန်းချုပ်ဖို့အတွက် တိုက်ခိုက်နေတာကြောင့် ဂွါနာဂျူတိုပြည်နယ်ဟာ မကြာသေးမီနှစ်တွေအတွင်း မက္ကဆီကိုရဲ့ ပဋိပက္ခတွေအများဆုံးဒေသတွေထဲက တစ်ခုဖြစ်လာပါတယ်။
ဒါ့အပြင် ဂွါနာဂျူတိုမှာ ၂၀၂၂ခုနှစ် ပထမလေးလအတွင်း လူသတ်မှု ၉၉၃ မှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရအချက်အလက်တွေက ဖော်ပြပါတယ်။