ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း ဆောင်ရွက်လိုတဲ့ ကိစ္စတွေကို KNU ဆီက ခွင့်ပြုချက်ယူရမယ်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ သစ်တော၊ သယံဇာတနဲ့ ရေလုပ်ငန်းတွေ လုပ်ဆောင်လိုပါက KNU ထံမှာ စာရင်းသွင်းပြီး ဆောင်ရွက်ရမယ်လို့ KNU မုန်းမြို့နယ်က မေလ ၂၁ ရက်နေ့မှာ ကြေညာချက်တစ်ခု ထုတ်ပြန်လာခဲ့ပါတယ်။
ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင် အသိအမှတ်ပြုနိုင်ဖို့ အခုလို စာရင်းသွင်းစေဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မုန်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို လုံးဝမပြုလုပ်ဖို့ကိုလည်း KNUက တားမြစ်ခဲ့ပြီး ဖောက်ဖျက်ကျူးလွန်ပါက စည်းမျဉ်းဥပဒတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။