မြောင်ရဲစခန်းနဲ့မီးသတ်စခန်းကို အီနာဂါစစ်ဆင်ရေး ဆင်နွှဲ၊၄ဦးသေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ ရဲစခန်းဝင်းနဲ့ မီးသတ်စခန်းတို့ကို အီနာဂါစစ်ဆင်ရေးအဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ ၄ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြောင်နဲ့အနီးဝန်းကျင်ရှိ တော်လှန်ရေးအင်အားစုတွေစုစည်းပြီး မြောင်ရဲစခန်းဝင်းအတွင်းရှိ ဘန်ကာအထပ်ထပ်ကာထားတဲ့ ၊မြို့နယ်မှူးအိမ်နားက ကင်းတဲကိုမေလ၂၁ရက်နေ့က တိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်းမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
မေလ၂၁ရက်နေ့မှာပဲ မြောင်မြို့ပေါ်က မီးသတ်စခန်းကို တိုက်ခိုက်ခဲ့ရာ မီးသတ်ကားတစ်စီး ထိမှန်ပျက်စီးခဲ့ပြီး တစ်ဦးသေ၊၂ဦးဒဏ်ရာရခဲ့ပါတယ်။
မြောင်မြို့နယ်မီးသတ်ဌာနကို တိုက်ခိုက်ရခြင်းမှာ မြောင်မြို့နယ်အတွင်းပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေပေမဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရမယ်ဆိုတဲ့ မီးသတ်ဌာနရဲ့ ရည်ရွယ်ချက်အတိုင်းလုပ်ဆောင်ခဲ့ခြင်းမရှိတာကြောင့် ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။