ပဲခူးတိုင်း၊ ညောင်လေးပင်နဲ့ ကွေ့ကြီးရွာကြား မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ စစ်သားအင်အား ၁၃ ဦးနဲ့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း MRF Nattalin က ထုတ်ပြန်ပါတယ်။
မေလ ၁၃ ရက်နေ့ မနက်ပိုင်းကလည်း နတ်တလင်းမြို့နယ်၊တောင်ညိုမြို့သစ်၊ ကွေ့ကြီးရွာနဲ့ ညောင်လေးပင်ရွာ ကြားမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။