ယင်းမာပင်ဆားလင်းကြီးမှာ Chevron ကိုရပ်တန့်ပေးဖို့ Photo Campaign ပြုလုပ်

Photo – ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ
ဒီနေ့ မေလ ၂၁ ရက်နေ့မှာ ယင်းမာပင်ဆားလင်းကြီးက ရွာပေါင်းစုံလူထုစုဝေးပြီး အကြမ်းဖက်စစ်အုပ်စုကို စီးဆင်းမယ့် Chevron ကုမ္မဏီ အခွန်ငွေများကို ရပ်တန့်ပေးဖို့ Photo Campaing ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့ မြောက်ခြမ်းနဲ့ ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကိုလည်း ၄၃၇ ရက်မြောက်နေ့အဖြစ် ဆန့်ကျင်ချီတက်မှုကို ဒီနေ့ မေ ၂၁ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။