ဓနုဖြူမြို့မှာရှိတဲ့ စစ်အုပ်စုရဲ့ ၁၀၈တပ်ရင်း ဝင်ပေါက်နေရာတွေမှာ ပေါက်ကွဲမှုဖြစ်

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ၁၀၈တပ်ရင်း ဝင်ပေါက်နေရာတွေမှာ မိုင်း ၆လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဧရာနဂါးညီနောင်တပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မေလ ၂၀ရက်နေ့ ည ၇နာရီခွဲလောက်မှာ ၁၀၈ တပ်ရင်း တပ်ဂိတ်နေရာကို ပထမအကြိမ် မိုင်း၂လုံးဖောက်ခွဲခဲ့ပြီး စစ်အုပ်စုတွေ တပ်ဂိတ်နေရာကို လာရောက်စစ်ဆေးချိန်မှာ ဝင်ပေါက်နေရာ ၂နေရာကို တပြိုင်တည်း မိုင်း၂စီနဲ့ ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စုအနေနဲ့ ထိခိုက်မှုတွေ ရှိနိုင်ခဲ့ပြီး အသေးစိတ်အချက်တွေကိုတော့ သီးခြား အတည်ပြုလို့မရသေးဘူးလို့ ဧရာနဂါးညီနောင်အဖွဲ့က ဆိုပါတယ်။
ဧရာနဂါးညီနောင်အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအားလုံးကလည်း တော်လှန်ရေးကို ပြန်လည် အာရုံစိုက်ပေးကြဖို့ ဧရာနဂါးညီနောင်က တောင်းဆိုထားပါတယ်။