သာကေတမှာ သေနတ်ပစ်ခတ်ခံရပြီး တက္ကသိုလ်ကျောင်းသူတဦးသေဆုံ

Photo- EYU
ဒီကနေ့မေလ ၁၉ရက်နေ့ နေ့လည် ၂နာရီ ၄၅မိနစ်လောက်က သာကေတ ၇ ရပ်ကွက် (၈ ထိပ်မှတ်တိုင်) အောင်သပြေလမ်းနဲ့ စံပယ်လမ်းထိပ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးငယ် ၁ ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နောက်ဆုံးနှစ် ရူပဗေဒကျောင်းသူ မဟန်နီဦး ဖြစ်ပြီး နားထင်တေ့ ၂ ချက်ပစ်ခံခဲ့ရတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် EYU က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မိခင်ဖြစ်သူနဲ့ ဦးလေးပါ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
NLD အမာခံလို့ဆိုတဲ့ သူတို့အိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒါဟာ သွေးသောက်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ မျက်မြင်ပြည်သူအချို့က မှတ်ချက်ပြုကြပါတယ်။
သာကေတဖြစ်စဉ်မှာ ရပ်ကျေးNLD အမာခံအိမ်ကို သွေးသောက်အဖွဲ့က ဝင်ပစ်တယ်ဆိုတဲ့ အသံဖိုင်တခုလည်း အွန်လိုင်းပေါ်မှာ ထွက်ပေါ်နေပေမယ့် မှန်ကန်မှု ရှိမရှိ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။