McDonald’s စီးပွားရေးလုပ်ငန်းစု  ရုရှားကနေ ထွက်ခွာမယ်

Photo – Getty Images

ယူကရိန်းကိုရုရှားကျူးကျော်ပြီးနောက် McDonald’s စီးပွားရေးလုပ်ငန်းစုဟာ ရုရှားနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်.

အဲ့ဒီလုပ်ငန်းစုဟာ ရုရှားမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး နိုင်ငံအတွင်းကနေ ထွက်ခွာမယ့် ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်လာပါတယ်။

ကမ္ဘာ့အကြီးဆုံး ဘာဂါဆိုင်ခွဲတွေရှိတဲ့ McDonald’s ဟာ ရုရှားနိုင်ငံရှိ စားသောက်ဆိုင် ၈၅၀ နီးပါးရဲ့ ၈၄ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားပါတယ်။ မော်စကိုအလယ်ပိုင်းရှိ အထင်ကရ Pushkin ရင်ပြင်တည်နေရာအပါအဝင် နိုင်ငံတွင်းရှိ သူ့ရဲ့ စားသောက်ဆိုင်တွေကို မတ်လကတည်းက ပိတ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

“စားနပ်ရိက္ခာရရှိရေးနဲ့ သောင်းနဲ့ချီတဲ့ သာမန်ပြည်သူတွေကို အလုပ်ဆက်ခန့်ထားဖို့ သေချာပေါက် လုပ်ရမယ်ဆိုတာ တချို့က ငြင်းခုံကြမှာပါ ဒါပေမယ့် ယူကရိန်းစစ်ပွဲကြောင့်ဖြစ်ရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို လျစ်လျူရှုဖို့ မဖြစ်နိုင်ပါဘူး” လို့ အမှုဆောင်အရာရှိချုပ် Chris Kempczinski က ပြောပါတယ်။

McDonald’s ဟာ သူ့ရဲ့စားသောက်ဆိုင်တွေကို ပြည်တွင်းဝယ်ယူမယ့်သူကို ရောင်းချဖို့ ကြိုးပမ်းနေပါတယ်။ ရုရှားမှာ သူ့ရဲ့အမှတ်တံဆိပ်ကို ဆက်ပြီးထိန်းသိမ်းဖို့အတွက် စတိုးဆိုင်တွေမှာ  McDonald’s နာမည်၊ လိုဂို၊ အမှတ်တံဆိပ်နဲ့ မီနူးတွေကို အသုံးပြုခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။

အရောင်းအ၀ယ်မပြီးမချင်း ရုရှားရှိ သူ့ရဲ့ဝန်ထမ်း ၆၂,၀၀၀ ကို အလုပ်ဆက်ခန့်ထားမယ်လို့  ကုမ္ပဏီက အာမခံပေးထားပါတယ်။

Starbucks နဲ့ Coca-Cola လုပ်ငန်းစုတို့ကလည်း ရုရှားမှာ လုပ်ငန်းလည်ပတ်မှုတွေကို ခေတ္တရပ်နားထားပြီလို့သိရပါတယ်။