စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကနေ ဂန့်ဂေါဘက်သွားတဲ့ အကြမ်းဖက်တပ်ကို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်က ပုလဲ-ဂန့်ဂေါ ကားလမ်း၊ လက်ပုကန်ရွာ အရှေ့ဘက်မှာ ခြေလျင်တက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။
‘ကျွန်တော်နေရာ ၂ ခုမှာ မိုင်း ၆ လုံးဆွဲတာ ဒုတိယနေရာမှာ စစ်သားတွေ မိုင်းထိတာ။ ၆ ယောက်သေတယ်လို့ သိရတယ်’ လို့ သူကပြောပါတယ်။
ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက် တခြားနေရာ ၃ ခုမှာလည်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးကြောင်း ရဲဘော်ပေက ဆိုပါတယ်။
‘တခြားအဖွဲ့တွေတိုက်တဲ့ အသေအပျောက်စာရင်းကိုတော့ မကြားရသေးဘူး’ လို့ သူကဆိုပါတယ်။
အကြမ်းဖမ်းစစ်သား ၆၀လောက်ဟာ စစ်ကား ၁၀ စီးနဲ့ ပုလဲမြို့ကနေ ဂန့်ဂေါဘက်သွားနေခြင်းဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် စစ်ကား ၆ စီးက ပုလဲဘက်ပြန်သွားပြီး ကျန် ၄ စီးက လက်ပုကန်ရွာထဲ ရပ်နားကာ ချက်ပြုတ် စားသောက်နေတယ်လို့ ရဲဘော်ပေက ဒီမနက် ၁၁ နာရီခွဲလောက်မှာ ပြောပါတယ်။
‘လက်ပုကန်နားမှာ စစ်ခွေးတွေက လမ်းမပေါ်ရော လမ်းဘေးဝဲယာကရော ခြေလျင်လမ်းဆင်းလျှောက်ပြီးသွားတယ်။ ကားတွေက နောက်ကနေ လိုက်နေတယ်။ အဓိကကမိုင်းဆွဲခံရမှာစိုးလို့ လမ်းလျှောက်တာ။ လမ်းလျှောက်တဲ့ကောင်တွေမိုင်းထိတာ’ လို့ ရဲဘော်ပေက ဆိုပါတယ်။
လက်ပုကန်ရွာမှာ ရပ်နေတဲ့စစ်ကား ၄ စီး ဘယ်သွားမလဲဆိုတာ စောင့်ကြည့်နေတယ်လို့ သူကဆက်ပြောပါတယ်။