မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ဆင်ပွတ်ကြီးကျေးရွာမှာရှိတဲ့ သွေးသောက်အဖွဲ့ရဲ့ ဒုခေါင်းဆောင် ၂ယောက်ကို ရှင်းလင်းခဲ့တယ်လို့ မန္တလေးမြို့ မြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၁၀ရက်နေ့မှာ ဆင်ပွတ်ကြီးကျေးရွာ သွေးသောက်အဖွဲ့ ဒုတိယခေါင်းဆောင် ၂ဦးဖြစ်တဲ့ ကိုဖြိုးကျော်နဲ့ ကိုမုန့်နီတို့ကို မန္တလေး လမ်း ၃၀ မြို့ပတ်လမ်းမှာ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ သွေးသောက်အဖွဲ့ဟာ မန္တလေးမြို့မှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်ကာ အလောင်းစွန့်ပစ်တဲ့ လုပ်ရပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။