KNC ပါတီဥက္ကဌကို အမှုရင်ဆိုင်ဖို့ ရမည်းသင်းထောင်ကနေ မြစ်ကြီးနားထောင်ကို ပြောင်း

Photo- Google
ကချင်အမျိုးသား ကွန်ကရက်ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန်လကို အမှုရင်ဆိုင်ဖို့ အတွက်ဆိုကာ ရမည်းသင်းအကျဉ်းထောင်ကနေ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့လိုက်တယ်လို့ ဒေသတွင်း သတင်းမီဒီယာဖြစ်တဲ့ The 74 Media မှာ ဖော်ပြထားပါတယ်။
မနေ့က မေလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်လောက်မှာ မြစ်ကြီးနားမြိုကို့ ပြောင်းရွှေ့ခေါ်ဆောင်လာပြီး မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
“ဒီနေ့ရုံးထုတ်မယ် တရားရုံးက လက်ခံပြီဆိုရင် မြစ်ကြီးနား အကျဉ်းထောင်ကို ပြောင်းလို့ရမှာ ဆိုတော့လေ။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ မနေ့က လေဆိပ်မှာ တွေ့လိုက်တယ် စကားပြောခွင့်တော့မရဘူး” လို့ ကချင်အမျိုးသားကွန်ကရက်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ဂျိုင်းနော်ဂျာက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ဒေါက်တာအမ်ကောန်လကို မတ်လ ၉ ရက်နေ့မှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှာလဲ ပုဒ်မ ၅၀၅(က) နဲ့ ထပ်မံ အမှုဖွင့် တရားစွဲဆိုထားတာပဲဖြစ်ပါတယ်။
Source- The 74 Media