မြောင်းမြမှာ စည်ပင်က​ဆောက်ပေးတဲ့ ရေမြောင်းတွေ ရက်ပိုင်းအတွင်းပြိုကျ

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ စည်ပင်သာယာက အသစ်တည်ဆောက်နေတဲ့ အုတ်ရေမြောင်းတွေဟာ တည်ဆောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ နေရာအနှံ့ပြိုကျပျက်စီးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်းမြမြို့အတွင်း ရေစီးရေလာကောင်းမွန်ဖို့ တည်ဆောက်လိုက်တဲ့ အုတ်ရေမြောင်းအသစ်တွေဟာ တည်ဆောက်ပြီး တစ်ပတ်အတွင်းမှာပဲ ပြိုကျကုန်တာဖြစ်တယ်လို့ သိရပါတယ်။
“အုတ်ရေမြောင်းအသစ်တွေ လိုက်လုပ်တာမှာ စပြီးတော့ လုပ်ထဲက အခိုင်အမာမဟုတ်ဘဲ လုပ်နေကြတာကို မြင်နေရတယ်၊ အရင်လို စစ်ဆေးဖို့သူလဲမရှိတော့ ခိုးချင်တိုင်းကို ခိုးနေတာ၊ ပြိုကျတဲ့နေရာတွေ တော်တော်များတယ် ကန်လှရပ်ကွက်ထဲမှာရော နေရာအစုံပဲ၊ အရင်သာ အဲ့လိုပုံစံဆိုရင် ချက်ခြင်း ပြင်ဆင်ပေးပြီး သတိပေးအရေးယူခံရမှာ အခုတော့ ပေါင်းစားနေကြတယ်”လို့ မြောင်းမြမြို့ခံတစ်ဦးက ဆက်သွယ် သတင်းပေးပို့ပါတယ်။
ဓာတ်ပုံ- ပေးပို့