စစ်ခေါင်းဆောင်ရဲ့ ဆွေးနွေးပွဲကို CNFပယ်ချပြီး ပြည်သူနဲ့အတူရပ်တည်သွားမယ်လို့ ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ကြားထားကို ချင်းအမျိုးသားတပ်ဦး CNFက ပယ်ချခဲ့ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုရဲ့ ပြသနာတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာရေးဟာ CNFအနေနဲ့ အစဉ်တစိုက် ပြောဆိုခဲ့တဲ့ အရာဖြစ်ပေမဲ့ ပါဝင်သင့်တဲ့သူတွေ ပါဝင်လာတာမရှိတာကြောင့် ပြည်သူလူထုနဲ့အတူ ရပ်တည်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး စစ်ရေးနဲ့ နိုင်ငံတကာရေးရာတွေမှာ ကျဆုံးနေတဲ့ စစ်အုပ်စုဟာ ဧပြီလ ၂၂ရက်နေ့မှာ NUG၊ PDFတို့ မပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကို လုပ်ဆောင်နိုင်ဖို့ စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်က ဖိတ်ခေါ်ထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုက မတက်ရောက်ဖို့ အသီးသီးထုတ်ပြန်ထားကြပါတယ်။