စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းနယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း သိရပါတယ်။
ရွှေဘိုမြို့နယ်၊ တပင်ခေါင်းရွာနဲ့ ကျားရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို ဇီးဖြူကုန်းရွာနဲ့ ဆိပ်ခွန်ရွာကြားအရောက် မဟာမိတ်တပ်ပေါင်းစုတွေက လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးအဆင့် တစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ရာ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၃ ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Snake Eyes –PDF က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲဒီနောက် ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းကာထားတဲ့အတွက် တပ်ပေါင်းစုမဟာမိတ်အဖွဲ့တွေက အများပြည်သူကို ရှေးရှုကာ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေဟာ မေ ၂ ရက်ကနေ ၃ ရက်နေ့အတွင်း ဖြစ်စဉ်လို့ သိရပြီး အကြမ်းဖက်စစ်တပ်ဆီကနေ ပစ္စည်းတချို့ သိမ်းဆည်းမိခဲ့ပါတယ်။