မော်လိုက်မြို့နယ်ထဲမှာ ရေကြောင်းလမ်း အသုံးပြုချိန် ကန့်သတ်

မော်လိုက်မြို့နယ်ထဲက ရေကြောင်းလမ်းတွေကို အသုံးပြုချိန် ကန့်သတ်လိုက်တယ်လို့ မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People’s Defence Force(Mawlaik)က ထုတ်ပြန်ပါတယ်။
မော်လိုက်မြို့နယ် ရေကြောင်းလမ်းတွေမှာ စစ်အုပ်စုက ဖြတ်သန်းသွားလာနေတာကြောင့် အခုလို ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ အသက်အန္တရာယ် ထိခိုက်မှုမရှိစေဖို့ မော်လိုက် ရေကြောင်းလမ်းကို ညနေ (၆)နာရီကနေ မနက် (၅)နာရီအတွင်း မဖြတ်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။