လပွတ္တာမြို့နယ်မှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တစ်ခု ဖျက်ဆီးခံရ

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မြင်းကကုန်းကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်တစ်ခုကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ လပွတ္တာမြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၈ရက်နေ့ မနက် ၁၂နာရီခွဲလောက်မှာ ဘိုကလေးမြို့နယ် ပကဖနဲ့ ပူးပေါင်းကာ ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး တာဝါတိုင်မှာတပ်ဆင်ထားတဲ့ ဘထ္ထရီတစ်လုံးကိုပါ တပ်ဖွဲ့အတွင်း အသုံးပြုနိုင်ဖို့ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
“သေနတ် မရှိလည်း ဆော်မယ် ရှိရင်တော့ အတိုင်းထက်အလွန်ပေါ့ ကျွန်တော်တို့ သတ္တိ‌တွေက တော်လှန်ရေးအတွက် မြူတမှုံ ဆိုရင်တောင် ကျေနပ်တယ်”လို့ လပွတ္တာမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် လပွတ္တာမြို့မှာရှိတဲ့ ပြည်သူတွေကလည်း ကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။