မြန်အောင်မြို့မှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တစ်ခု ဖျက်ဆီးခံရ

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် အဆယ်ကျေးရွာအုပ်စု အဆယ်ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ မနက် ၄ နာရီ ၃၀ မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဧရာနဂါးညီနောင်အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါတွေအပြင် သက်ဆိုင်ရာ နေရာဌာနအားလုံးကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဧရာနဂါးညီနောင်အဖွဲ့က ဆိုပါတယ်။
ဧရာနဂါးညီနောင်အဖွဲ့ဟာ ဧရာဝတီအတွင်း အခြေစိုက်ကာ အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး စစ်အုပ်စုကို အမြတ်ဖြတ်တိုက်ပွဲဝင်ဖို့နဲ့ ပြည်သူအားလုံး တန်းတူအခွင့်အရေးနဲ့ စစ်မှန်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အသက်စွန့်ကြိုးပမ်းသွားမယ်လို့ ကတိပေးထုတ်ပြန်ထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။