စစ်တပ်စခန်းချထားတဲ့ ပုလဲထွေအုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ ညနေ၄နာရီခွဲလောက်မှာ ပုလဲမြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးဝင်းထဲကို ပုလဲအခြေစိုက်ဒေါင်းနက်ပြောက် ကျားတပ်ဖွဲ့က ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေ ကပြောပါတယ်။
‘ကျွန်တော်တို့ လူရိပ်တွေမြင်ရတဲ့အချိန်မှာ အဲဒီနေရာကို လှမ်းပစ်ထည့်တာဖြစ်လို့ အထိအခိုက်တော့ ရှိတာ သေချာတယ်’လို့ ရဲဘော်ပေကပြောပါတယ်။
အရင်တုန်းကလည်း ပုလဲမြို့ပေါ် ကင်းလှည့်နေတဲ့စစ်ကားကို ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက် ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
အခုအခါ အကြမ်းဖက်စစ်တပ်ဟာ ပုလဲမြို့ပေါ်ညဘက် ကားနဲ့ကင်းလှည့်ခြင်းလုံးဝမလုပ်တော့သလို နေ့ခင်း ဘက်မှာလည်း ထွေအုပ်ရုံးဝန်းကျင် ပုလဲမြို့တစ်ဝက်လောက်သာ ကင်းလှည့်တော့ကြောင်းသိရပါတယ်။
ဒီနေ့တိုက်ခိုက်ခဲ့တဲ့ ဒေါင်းနက်ရဲဘော်တွေဟာ လုံခြုံတဲ့နေရာကို အထိအခိုက်မရှိပြန်လည်ရောက်ရှိပြီဖြစ်ပါ တယ်။
ပုလဲထွေအုပ်ရုံးမှာ အကြမ်းဖက်စစ်တပ် စခန်းချထားပါတယ်။