ဝမ်းတွင်းမြို့နယ်အတွင်း ပျူစောထီးနဲ့ ဒလန်တွေကို မွေးထုတ်ပေးနေသူလို့ နာမည်ကြီးတဲ့ နိုင်လိုက်ဆီဆိုင်ပိုင်ရှင်ကို ရှင်းလင်းလိုက်ကြောင်း သိရပါတယ်။
နိုင်လိုက်ဆီဆိုင်ပိုင်ရှင် ထွန်းနိုင်ကို ဧပြီ ၂၄ ရက်နေ့က ဝမ်းတွင်းစျေးပေါက်မှာ ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း Wundwin Township Revolution Foece (WTRF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
‘ထွန်းနိုင်ကိုတော့ ဝမ်းတွင်းမှာ အဲလိုသိကြတယ်။ ပေါင်းစားနေတယ်။ ဗိုလ်ကျနေတယ်လို့လည်း ပြောကြတယ်’ လို့ ဝမ်းတွင်းမြို့မအမှတ် (၁) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ထွန်းနိုင်ကို အကြမ်းဖက်စစ်တပ်နဲ့ရဲ တပ်သားတွေကတောင် အရိုသေပေးရပြီး စစ်တပ်နဲ့ ရဲအရာရှိတွေနဲ့ပေါင်းကာ ပြည်သူတွေကို အနိုင်ကျနှိပ်စက်ငွေညှစ်တာ၊ ပျူစောထီးတွေကို မွေးထုတ်တာနဲ့ ပျူစောထီးသင်တန်း ဖြစ်မြောက်ရေးအတွက် အမာခံငွေထုတ်ပေးခြင်းတို့ကြောင့် WTRF ကရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။