စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးလောက် သေဆုံးနိုင်တယ်လို့ ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့ Knight Commander’s PDF က ထုတ်ပြန်ပါတယ်။
မုံရွာကနေ စစ်ကိုင်းဘက်ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကား ၄ စီးကို မနေ့ကညနေ ၄ နာရီ ၂၁ မိနစ်လောက်က မြင်းမူမြို့နယ်၊ အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားအရောက် Knight Commander’s PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မြင်းမူမြို့၊ မြောက်ပိုင်းရပ်ကွက်နေ အိမ်ထောင်ရှင်မတစ်ဦးက ‘ကြားရတဲ့အသံ တော်တော်ကျယ်တယ်။ ခွေးတွေ သေတာလည်း ၁၀ ယောက်မကဘူးလို့ ပြောကြတယ်။ အဓိကက ကိုယ့်ပြည်သူတွေ စစ်ကားတွေနားကနေ ကပ်ပြီးကားမမောင်းဖို့လိုတယ်။ ညဘက် ကားနဲ့မထွက်ဖို့လည်း အရေးကြီးတယ်။ အခုက နေရာတိုင်းမှာ ခွေးတွေကိုမိုင်းဆွဲနေတာ။ ကိုယ့်ကြောင့် မိုင်းဆွဲတာ မပျက်သွားအောင် PDF တွေပြောတဲ့အတိုင်း နေထိုင်ကြစေချင်တယ်’ လို့ ဆိုပါတယ်။
Knight Commanders PDF ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။