ကြံခင်းမြို့နယ် ကြို့ပင်စုကျေးရွာက Mytel တာဝါတိုင် ဖောက်ခွဲခံရ

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ကြို့ပင်စုကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက် ၁နာရီခန့်မှာ ဖောက်ခွဲခံခဲ့ရတာဖြစ်ပြီး ဧရာဝတီဒေါင်းတမန်အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖောက်ခွဲဖျက်ဆီးအပြီးမှာ ဧရာဝတီဒေါင်းတမန်တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီဒေါင်းတမာန်အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ထောက်တိုင်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် စစ်အုပ်စုနဲ့ အနီးအနားကို ပြည်သူတွေအနေနဲ့ သွားလာနေထိုင်တာတွေ မလုပ်ဆောင်ဖို့ မေတ္တာရပ်ခံထားပါတယ်။