ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာတွေနေထိုင်တဲ့ ယာယီစခန်းတွေကို ပြုပြင်ဖို့ အမေရိကန်ဒေါ်လာ ၅သန်းနီးပါး အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က ယာယီစခန်းတွေမှာ နေရပ်စွန့်ခွာသူဦးရေ ၂၈,၀၀၀ ကျော်နေထိုင်နေတဲ့ တန်းလျားရှည်အလုံး ၅၅၀ ဟာ မိုးရာသီမတိုင်ခင် အရေးပေါ်ပြုပြင်ဖို့ လိုအပ်နေပြီး အမေရိကန်ဒေါ်လာ ၄ဒဿမ၇ သန်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလမရောက်ခင် ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိရာဒေသတွေမှာ အရေးပေါ်အခြေအနေတွေကြုံလာရင် အချိန်နဲ့တစ်ပြေးညီ ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရေးအစီအစဉ်တွေကို ပြင်ဆင်နေတယ်လို့လည်းဆိုပါတယ်။