ကယားပြည်နယ်(ကရင်နီ) ဖရူဆိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို KNDF/B-15 က ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၁၀ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ KNDF/B-15 က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနေ့က ဧပြီလ ၉ ရက်နေ့ မနက် ၈ နာရီခန့်မှာ ဒေါညေခူကျေးရွာနဲ့ ထီးကလူဒေါကျေးရွာအကြားမှာ စစ်အုပ်စုရဲ့ စစ်ကြောင်းကို KNDF/B-15 က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ထိတွေ့တိုက်ပွဲအပြီးမှာ KNDF/B-15 ဘက်က ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် ကျေးရွာတွေအနီးမှာ မတ်လ နောက်ဆုံး အပတ်ကနေပြီး ဧပြီလ ပထမအပတ်အထိ နေ့စဥ်နှင့်အမျှ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။