ဖရူဆို ရဲစခန်း တိုက်ခိုက်ခံရ၊ အရာရှိတစ်ဦး အပါအဝင် ၈ ဦးသေ

Photo-ဖရူဆိုPDF
ကယားပြည်နယ်၊ ဖရူဆိုရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် အရာရှိ တစ်ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ ဖရူဆို PDF က ထုတ်ပြန်ပါတယ်။
ဖရူဆိုရဲစခန်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားခြင်းဖြစ်ပြီး ဖရူဆို PDF နဲ့မဟာမိတ်တွေဖြစ်တဲ့ KNDF B-04၊ DMO PDF တပ်ရင်း (A,B,D,G)၊ အလယ်ပိုင်းတိုင်း ၁၁၀၁ နဲ့ နည်းပညာ လက်ရုံးတပ် CTU တို့ ပူးပေါင်းဗျူဟာ ရေးဆွဲကာ သွားရောက်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရ အကြမ်းဖက်စစ်သားလည်း များတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။