သထုံထွေအုပ်ရုံးအတွင်း ဗုံးပေါက်ပြီး ရုံးတစ်ခုလုံးနီးပါးပျက်စီ

ဓာတ်ပုံ-လူမှုကွန်ရက်
မွန်ပြည်နယ် သထုံမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအတွင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အစောင့်ရဲ ၂ ဦးထိခိုက်ကာ ရုံးတစ်ခုလုံး ပြိုကျလုနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။
မနေ့က ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခွဲလောက်မှာ အမည်မသိ အမျိုးသားတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးအတွက် နှစ်ကူးလက်ဆောင်ဆိုပြီး ဆန်တစ်အိတ်နဲ့ ဆီတစ်ပုံးကို လာရောက်ပို့ဆောင်ခဲ့ပါတယ်။ အဲဒီထဲက လက်ဆောင်အထုတ်တွေထဲကနေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် အစောင့်ရဲ ၂ ဦး ဒဏ်ရာရရှိသွားပြီး ပေါက်ကွဲမှုနဲ့ ပတ်သတ်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။