အာဆီယံမူ ၅ ရပ်နဲ့ နေစဉ်သေနေတဲ့ မြန်မာပြည်သူတွေ

၂၀၂၁ခုနှစ်ဧပြီ၂၄ရက်နေ့မှာ မြန်မာ့အရေးအာဆီယံမူ၅ရပ်ထွက်ပေါ်လာခဲ့တယ်။မင်းအောင်လှိုင်က အဲဒီမူ၅ရပ်ကို လိုက်နာပါ့မယ်ဆိုတဲ့ပုံစံမျိုးအာဆီယံခေါင်းဆောင်တွေအားလုံးရှေ့မှာ ခေါင်းညိတ်ခဲ့ပြီးနောက် နေ့စဉ် ကိုယ့်မျက်နှာကိုယ် တံတွေးနဲ့ပြန်ထွေးနေတာ ၁၁လကျော်ခဲ့ပြီဖြစ်တယ်။

၁၁လကျော်ကာလအတွင်း အာဆီယံမူ၅ရပ်ကို မလိုက်နာရုံတင်မက ကိုယ့်ပြည်သူကိုယ် ဖမ်းဆီးနှိပ် စက် လုယက်သတ်ဖြတ်ခြင်းတွေနဲ့ ကမ်းကုန်အောင် ယုတ်မာပက်စက်နေပေမဲ့ သူ့အတွက် အာဆီယံပေးတဲ့ ပြစ်ဒဏ်က စစ်အုပ်စုခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ခွင့်မပေးခြင်းတစ်ခုမျှ သာရှိပြီး မင်းအောင်လှိုင် ပြည်သူကိုဘယ်လောက်သတ်သတ် အာဆီယံနဲ့မသက်ဆိုင်သလို မသိချင်ယောင် နေခဲ့ တာဒီနေ့ထိတိုင်ပါပဲ။ပြောရမယ်ဆိုရင် နေ့စဉ်သွေးသံတရဲရဲနဲ့ သတ်နေဖြတ်နေတဲ့လူသတ်သမား တစ်ယောက် ကို မင်းငါတို့နဲ့တော့ တစ်ဝိုင်းတည်းမထိုင်နဲ့၊ ကျန်တာမင်းဘာလုပ်လုပ်ဆိုတဲ့ ပြစ်ဒဏ်မျိုး အာဆီယံကချမှတ် ခဲ့တာပါ။

လုပ်ရပ်နဲ့ပြစ်ဒဏ်က အဲဒီလို မိုးနဲ့မြေကွာဟနေပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အရေးအာဆီယံရဲ့ ရပ် တည်ချက်ဟာ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်မယူခင်အချိန်ထိ ဖြောင့်ဖြောင့်မှန် မှန်ရှိခဲ့တယ်လို့ ထင်မိပါတယ်။၂၀၂၁ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌကရောအာဆီယံအဖွဲ့ဝင်တွေရော မြန်မာ့အရေးအာဆီယံအထူးသံတမန်ကပါ အာဆီယံမူ၅ရပ်အပေါ်သာ ပြတ်ပြတ်ထင်ထင်ရပ်တည်ခဲ့ကြတာ ပါ။မြန်မာ့အရေးပထမဆုံးအာဆီယံအထူးသံတမန်၊ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီး အီရာဝန်ယူဆွတ်ဟာ မြန် မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်ထားခဲ့ပြီးမှ သူတွေ့ချင်တဲ့သူနဲ့တွေ့ခွင့်မရနိုင်တဲ့အခြေအနေအရ မြန်မာခရီးစဉ် ကို ဖျက်သိမ်းခဲ့ဖူးတာဟာ မူ၅ရပ်နဲ့အာဆီယံအထူးသံရဲ့ လုပ်ပိုင်ခွင့်အပေါ် သိမှတ်ရပ်ခံခဲ့ခြင်းကြောင့်လို့နား လည်မိပါတယ်။

၂၀၂၂ခုနှစ်ကိုရောက်တော့ အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ဟာအာဆီယံနဲ့နှီးနှောတိုင်ပင်ခြင်းအလျဉ်းမရှိဘဲ   ဇန်နဝါရီ၇ ရက် မှာ မြန်မာခရီးစဉ်ကို စတင် ခဲ့ပါတယ်။သူ့ခရီးစဉ်အပေါ် ဝေဖန်မှုတွေကိုလည်း ငါ့ကိုဆရာလာမလုပ်နဲ့ဆိုပြီး ပြန်ငေါက်ငမ်းခဲ့တယ်။

မြန်မာခရီးစဉ်ကပြန်ရောက်ရောက်ချင်းမှာပဲ အခုမြန်မာ့အရေးအာဆီယံအထူးသံတမန် လုပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရတ်ဆွန်ခွန်းက ဟွန်ဆန်ရဲ့မြန်မာခရီးစဉ်ကနေ ဖြစ်ပေါ်တိုးတက်မှုအ သစ်ရခဲ့တာလိုလို၊ဟွန်ဆန်နဲ့မင်းအောင်လှိုင်တို့ရဲ့ ဆွေး နွေးမှုနဲ့ သဘောတူညီချက်တွေကို ကန့်ကွက်သူ တွေ ဟာ စစ်ပွဲကိုလိုလားသူလို့ စွပ်စွဲခဲ့ပါသေးတယ်။ပြီးတော့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်တဲ့ အာဆီယံ မူ၅ရပ်နဲ့ စစ်ကောင်စီရဲ့ရှေ့လုပ်ငန်းစဉ်၅ရပ် ဆက်စပ်ဖော်ဆောင်ရေးဆိုတဲ့လိုင်းကို အာဆီယံပလက်ဖောင်း ပေါ် တင်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။အဲဒီဆက်စပ်ဖော်ဆောင်ရေးလိုင်းကို မင်းအောင်လှိုင်ကပြောခဲ့ပြီး က မ္ဘောဒီးယားကဖြန့်ချိဖို့ကြိုးစားကာ တရုတ်ကပါ ထောက်ခံသယောင်လေသံထွက်လာခဲ့ပါတယ်။

ပြီးတော့ ၂၀၂၂ခုနှစ်အတွက် ပထမဆုံးအကြိမ် ကျင်းပမယ့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအ ဝေးကို မင်းအောင်လှိုင် ခန့် ဝဏ္ဏမောင်လွင်ကိုပါ ဖိတ်ကြားဖို့ အာဆီယံဥက္ကဌ ဟွန်ဆန်က ကြိုးစားခဲ့ပါသေး တယ်။အစည်းအဝေးပျက်သွားတဲ့အထိ အာဆီယံနိုင်ငံတချို့က ပြတ်သားခဲ့တဲ့အချိန်ကျမှ ဟွန်ဆန်လက် လျှော့ခဲ့တာတွေ့ရပါတယ်။

ဖနွမ်းပင်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမကျင်းပမီတစ်ရက်အလို ဖေဖေါ်ဝါရီ၁၆ ရက်နေ့ရောက်တော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးစိတ်ပျက်လက်ပျက် ဖြစ်နေပုံမျိုးနဲ့ တစ်မျိုးပြောလာပြန်ပါတယ်။

သူ့ရဲ့မြန်မာခရီးစဉ်ဟာ ဘာတိုးတက်ဖြစ်ထွန်းမှုမှမရှိဘူးလို့ဝန်ခံလိုက်ပါတယ်။ မြန်မာစစ် ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး နွားကမဆွဲဘဲထွန်ကမရွေ့နိုင်ဘူးလို့ဆိုသလို အာဆီယံအလှည့်ကျဥက္ကဌ သက်တမ်း၁၀လကျော်ကျန်နေသေးတာကို မြန်မာ့အရေးနဲ့ပတ်သက်ပြီးစောစောစီးစီး လက်လျှော့လိုက်ပြီလို့ လည်း ပြောပြန်ပါတယ်။

အမှန်တကယ်လက်လျှော့လိုက်သလားဆိုတော့ အာဆီယံအထူးသံတမန်က နေပြည်တော်ကိုသွား မယ်လုပ်တာကြောင့် ရှေ့နောက်မညီပြန်ပါဘူး။ အာဆီယံအထူးသံတမန်လာရင် NLDပါတီဝင်တွေနဲ့ တွေ့ခွင့် ပေးမယ်လို့ မင်း အောင်လှိုင်ကသဘောတူခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးဝန်ကြီးက လေသံပစ်ပြပါ တယ်။သူတို့ရဲ့ဆိုလိုချင်ပုံက အာဆီယံအထူးသံ ပရတ်ဆွန်ခွန်းဟာ အဲဒီလိုအခွင့်အလမ်းတွေရှိလို့ မြန်မာခရီး စဉ်နှင်ဖို့စီစဉ်ရခြင်းဖြစ်တယ်လို့ ပြောလိုပုံပါ။

မတ်လ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိ ပရတ်ဆွန်ခွန်း နေပြည်တော်ကိုသွားခဲ့တယ်။နေပြည်တော် မှာမင်းအောင်လှိုင်တွေ့ခိုင်းတဲ့လူနဲ့တွေ့ပြီးပြန်လာခဲ့တယ်။ကမ္ဘောဒီးယားဝန်ကြီချုပ်ရုံးဝန်ကြီးလေသံပစ်ခဲ့သ လို NLDပါတီဝင်ဆိုတာနဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။

မြန်မာခရီးစဉ်ကပြန်လာတဲ့အချိန်မှာ ဘာမှလက်ဆုပ်လက်ကိုင်ပြစရာမပါလာလေတော့ ‘မြန်မာ နိုင်ငံပြဿနာဟာ ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့်ပြဿနာ ဖြစ်ပါတယ်။ အာဆီယံအ ထူးသံတမန် တစ်နှစ် သက်တမ်း ဒါမှမဟုတ် အာဆီယံဥက္ကဋ္ဌသက်တမ်း တစ်ခုတည်းမှာ ပြီးမြောက်နိုင်တဲ့လုပ် ငန်း မဟုတ်ပါဘူး’ လို့ ညည်းချင်းချပြကာ ရေရှည်လုပ်ရမယ်ဆိုတဲ့လမ်းကြောင်းကို ခင်းလိုက်ပါတယ်။ပြောရရင် မြန်မာ့အရေး ဟာလက်လျှော့ချင်စရာကောင်းလောက်အောင်ရှုပ်ထွေးပေမဲ့ တတ်နိုင်သလောက်ကြိုးစားပါ့မယ်ဆိုတဲ့အ ပေါက်မျိုးနဲ့အာဆီယံအလှည့်ကျဥက္ကဌနဲ့ အာဆီယံအ ထူးသံတမန်တို့ရဲ့လုပ်ပိုင်ခွင့်အပေါ် ကောင်းကောင်း အသုံးချကာ အာဆီယံမူ၅ရပ်ကို ရသလောက်ဆွဲဆန့်ဖို့ ကြိုးစားခဲ့တယ်။

အာဆီယံမူ၅ရပ်ဆိုတာ ဘယ်တော့ပြီးရမယ်ဆိုတဲ့အချိန်ဇယားမရှိ၊အရေးယူမှုအစီအစဉ်လည်းမရှိလို့ နဂိုမူလကိုက လျော့ တိ လျော့ရဲဖြစ်နေတဲ့အထဲ  မူ၅ရပ်ရဲ့အဓိကအချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုကိုလည်း ရပ်စရာမလို၊တွေ့ဆုံဆွေးနွေးအ ဖြေရှာရေးကိုလည်း လုပ်စရာမလိုဘဲ မင်းအောင်လှိုင်စိတ်ကောင်းဝင်ပြီး အမြင်မှန်ရမယ့်နေ့ကို ထိုင်စောင့်နေ ခြင်းဟာ မင်းအောင်လှိုင်ကိုအကြိုက်တွေ့စေတာသေချာပါတယ်။

ပရတ်ဆွန်ခွန်းဟာ မင်းအောင်လှိုင်ဆီက တခြားဘာမှမရတောင် လူသားချင်းစာနာမှုအကူအညီမျှမျှ တတ ပေးနိုင်ရေး အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတစ်ရပ်ဖြစ်နိုင်ကောင်းပါရဲ့ဆိုပြီး ထပ်မျှားပါတယ်။(ပရတ်ဆွန် ခွန်းပြောတဲ့ဆွေးနွေးပွဲကိုမေလထဲမှာကျင်းပဖို့မင်းအောင်လှိုင်ကိုအဆိုပြုခဲ့ပြီးအဲဒီ ဆွေးနွေးပွဲ မဖြစ်ခဲ့ရင်လည်း သူ့အနေနဲ့ ဘာမှတာဝန်ခံစရာမလိုတဲ့ အတွက်အေး ဆေးပါပဲ။)

၂၀၂၂ခုနှစ်က စလို့ အာဆီယံအလှည့်ကျဥက္ကဌ၊ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ အာဆီယံ အထူး သံ တ မန်၊က မ္ဘောဒီး ယားနိုင်ငံခြားရေးဝန်ကြီးပရတ်ဆွန်ခွန်းတို့ရဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လူကြီးလူ ကောင်း မဆန်၊တောင် ရောက်မြောက်ရောက်နဲ့ ဗရမ်းဗတာပြောနေတဲ့စကားတွေကို လေ့လာကြည့်လိုက်ရင် အာဆီယံမူ၅ရပ်ကို တကယ်ရိုးရိုးသားသားဆုပ်ကိုင်ဖြေရှင်းလိုစိတ်မရှိမှန်းပေါ်လွင်ပါတယ်။

ပြောရရင် ကမ္ဘောဒီးယားက အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ ၂၀၂၂ခုနှစ်နှစ်ကုန်အ ထိ မင်းအောင်လှိုင်အသက်ဆက်နိုင်ရေးအတွက် သူတို့ရဲ့လုပ်ပိုင်ခွင့်နဲ့ ပံ့ပိုးပေးနေတယ်လို့ နားလည်ရပါတယ် ။ကမ္ဘောဒီးယားက အဲဒီလိုပံ့ပိုးပေးနေချိန်မှာ စစ်အုပ်စုခန့်ဝဏ္ဏမောင်လွင်ကို မကြာသေးမီကတရုတ်နိုင်ငံက ဖိတ်ကြားကာ တရုတ်က အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်ပြုကြောင်း ရပ် တည်ပြလာပါတယ်။ ဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ဖို့ အတွက် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့ပါ တယ်။

မြန်မာနိုင်ငံရဲ့ ဖူးသစ်စဒီမိုကရေစီကို ရိုက်ချိုးကာ တိုင်းပြည်ကိုချောက်ထဲတွန်းချနေတဲ့စစ်အုပ်စုက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုဘယ်လိုဆောင်ရွက်မှာပါလဲ။တရုတ်ပြောတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးဆိုတာ မင်းအောင်လှိုင်အဓွန့်ရှည်ရေး(သို့မဟုတ်)ဒီမိုကရေစီအနံ့ထည့်ထားတဲ့ စစ်အာဏာရှင်စနစ်ခိုင်မြဲ ရေး(သို့မဟုတ်)စစ်ကောင်စီရဲ့ရှေ့လုပ်ငန်းစဉ်၅ရပ်ဖော်ဆောင်မှုမှာ မြန်မာပြည်သူအားလုံးကိုလည်စင်းခံခိုင်း လိုက်တာပါ။ ပြောရမယ်ဆိုရင်နိုင်ငံတကာကပါ အတည်ပြုထားတဲ့ အာဆီယံမူ၅ရပ်မှာ မြန်မာ့နိုင်ငံရေးဟာ မထွေးနိုင်မအံနိုင်နဲ့လည်ထွက်နေကာ မြန်မာပြည်သူတွေ ပြာပူကြီးထဲမှာ လူးလိမ့်နေရတာ အားလုံးမြင် နေပြီးအားလုံးမမြင်ချင်ယောင်ဆောင်နေတာလည်း ငြင်းလို့မရပါ။

အခုဆောင်းပါးကိုချုပ်ရရင် အလုပ်မဖြစ်တဲ့အာဆီယံမူ၅ရပ်ကို ပြုပြင်မွန်းမံခြင်းမရှိဘဲ အခုအတိုင်း ဆက်လက်ဆုပ်ကိုင်ထားခြင်းဟာ မင်း အောင်လှိုင်အဓွန့်ရှည်ရေးကို ပံ့ပိုးပေးနေသလိုပါပဲ။ဒါကိုနောက်တစ် မျိုးထပ်ပြောရရင် အာဆီယံမူ၅ရပ်ဟာ မြန်မာပြည်သူတွေကို မင်းအောင်လှိုင်တပ်တွေ စိတ်ကြိုက်သတ်ဖို့ အ ခွင့်အရေးပေးနေသလိုပဲလို့ ရှုမြင်မိကြောင်းပါ။

ထွန်းလင်း