ရှန်ဟိုင်းမှာ လူပေါင်း ၂၆ သန်းကို ကိုဗစ်စစ်ဖို့ စစ်တပ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်

Photo – Getty Images

ဒီနေ့ ဧပြီလ ၄ရက်နေ့မှာ ရှန်ဟိုင်းမြို့က လူပေါင်း ၂၆သန်းကို ကိုဗစ်စစ်ဆေးဖို့ စစ်တပ်နဲ့ ကျန်းမာရေး ဝန်ထမ်းထောင်ချီကို စေလွှတ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ တပ်ထဲက ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၀၀ ကို စုဆောင်းပြီး ရှန်ဟန်းကို စေလွှတ်ခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဘေဂျင်း ၊ ကျန်းစု ၊ ကျိကျန်း စတဲ့ပြည်နယ်ပေါင်းစုံက ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ရှန်ဟိုင်းပို့ခဲ့ပြီး စုစုပေါင်းခန့်မှန်းခြေ ကျန်းမာရေးဝန်ထမ်း ၁၀,၀၀၀ လောက်ရှိတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါဟာ ဝူဟန်မှာ စတင်တွေ့ရှိခဲ့တဲ့COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်ကိုင်တွယ်ခဲ့တဲ့  ၂၀၂၀ ခုနှစ်  အစောပိုင်းက တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက အဆင့်နှစ်ဆင့်နဲ့လော့ဒေါင်းချကန့်သတ်ပြီး အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ရှန်ဟိုင်းမြို့မှာ ဧပြီလ ၃ရက်နေ့က ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်ရောဂါဖြစ်ပွားသူ ၈၅၀၀ကျော်နဲ့ လက္ခာဏာပြတဲ့ ကိုဗစ်ဖြစ်ပွားသူ  ၄၂၀ကျော်ရှိတယ်လို့ သိရပါတယ်။