အရာတော်စစ်စခန်းတစ်ခုကို စီးနင်း၊အကြမ်းဖက်စစ်သား၇ဦးသေ

Photo-ZERO ပြောက်ကျားတပ်ဖွဲ့
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာက စစ်တပ်စခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်စီးနင်းခဲ့ရာအကြမ်းဖက်စစ်သား ၇ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
ဧပြီ၁ရက်ရက်နေ့ ၊မွန်းလွဲ ၁ နာရီလောက်မှာ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နဲ့အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်နဲ့ ပတ္တမြားညီနောင် အဖွဲ့တို့က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်(၂)နာရီကျော်အကြာမှာ စခန်းသိမ်းနိုင်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ခဲ့ပါတယ်။
စခန်းသိမ်းပြီးနောက် ဆိုင်ကယ်၃စီးကိုသိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်စစ်တပ်က အယောင်ဆောင်အသုံးပြုတဲ့လူနာတင်ယာဉ်မှာ လက်နက်ကြီးထိမှန်ပြီး ပျက်စီးမီးလောင်ကျွမ်းခဲ့ပါတယ်။
အကြမ်းဖက်စစ်သား၇ဦးသေဆုံးခြင်းအပြင် ၅ဦးဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။