စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ရိက္ခာတင် စက်လှေ ၆ စီးကို ဒီနေ့မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင် စက်လှေ ၆ စီးဟာ ဒီနေ့မနက် ၇ နာရီလောက်က ကျောက်ကြီးရွာကနေ မြို့လှရွာဘက် စုန်ဆင်းထွက်ခွာချိန် ဗိုလ်မိုဃ်းကြိုးဦးဆောင်တဲ့ မြို့လှ PDF တပ်က လမ်းခရီး မြစ်ကမ်းတစ်နေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြို့လှPDF က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် ရိက္ခာတင်စက်လှေအချို့ ထိခိုက်ပျက်စီးခဲ့ပြီးအကြမ်းဖက်စစ်သားတွေ ထိခိုက်မှုအများအပြားရှိနိုင်ပေမဲ့ အသေးစိတ်မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။