ဒီနေ့မနက် မုပ္ပလင်လမ်းဆုံ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ဦးသေ

Photo-KNLA
ဒီနေ့ မနက်ဖြစ်ပွားတဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မုပ္ပလင်လမ်းဆုံဂိတ်မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ KNLA တပ်မဟာ-၁ ပူးပေါင်းတပ်ဖွဲ့တို့ ဒီနေ့ မနက် ၅ နာရီလောက်က မိနစ် ၄၀ ကျော်ကြာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိပြီး ပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြောင်း KIC က ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်လို့ ဒေသခံ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့သလို မုပ္ပလင်ရွာထဲ သေနတ်ပစ်ဖောက် စစ်ဆေးမှုတွေလည်း ပြုလုပ်သွားခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်-မော်လမြိုင် ကားလမ်းရှိ ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်းနဲ့ မုပ္ပလင်နားလမ်းမပေါ်တွေမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။