အကြမ်းဖက်စစ်တပ် အထိနာနေတာကြောင့် မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သေ့ဘောဘိုးရွာဘက်ကို စစ်အင်အားဖြည့်တင်းနေတယ်လို့ Delta News Agency ရဲ့ မြေပြင်ကင်းထောက်က ပြောပါတယ်။
ယမန်နေ့ညနေပိုင်းက မြဝတီမြို့ကနေ ဖလူးရွာဘက်ကို စစ်ကား ၈ စီးနဲ့ တင့်ကား ၂ စီးတက်သွားတယ်လို့ သိရပါတယ်။
‘သေ့ဘောဘိုးမှာက ၂၇ ရက်နေ့ကတည်းက စစ်သားတွေသေနေတာ အခုဆို ၈၀ လောက်ရှိပြီဆိုတော့ အဲဒီဘက်ကို အင်အားဖြည့်ဖို့ လုပ်နေတာလို့ ယူဆတယ်။ မနေ့က မရှိဘူးဆို စစ်သား ၅၀ ကျော်လောက် အင်အားဖြည့်တယ်’ လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မြဝတီ-ဝေါ်လေလမ်းပေါ် အထိနာနေတဲ့အတွက် လေးကေ့ကော်ဘက်ခြမ်းမှာ အကြမ်းဖက်စစ်တပ်ဘက်က လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ လေးကေ့ကော် ရေကန်ကုန်း၊မယ်ဝါးခီးဂိတ်နဲ့ ဘုရားမှာရှိနေပြီး လေးကေ့ကော်အတွင်းပိုင်းနေရာတွေကနေ နောက်ဆုတ်သွားရခြင်း ဖြစ်ပါတယ်။