စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ပါရမီးကျေးရွာမှာ လူနေအိမ် ၃ လုံးကို အကြမ်းဖက်စစ်တပ်က မီးရိူ့ဖျက်စီးခဲ့ပြီး မီးရိူ့ဖျက်ဆီးမှုအတွင်း လေဖြတ်နေတဲ့ သက်ကြီးရွယ်အို ၁ ဦး မီးလောင်သေဆုံးသွားခဲ့တယ်လို့ KNG သတင်းဌာနကဖော်ပြထားပါတယ်။
မနေ့က မတ်လ ၂၉ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုတပ်တွေနဲ့ ရဲအင်အား အများအပြား ပါရမီကျေးရွာအတွင်းကို ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရိူ့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ရောဂါကြောင့် မပြေးနိုင်ပဲ မီးလောင်မှုတွင် သေဆုံးသွားသူမှာ အသက် ၆၂ အရွယ် ဦးညွှန့်တင့်ဆိုသူလို့ သိရပါတယ်။ မီးရိူ့ဖျက်ဆီးသွားတဲ့ လူနေအိမ် ၃ လုံးမှာ တစ်ဆက်တည်းတည်ရှိနေတာ မဟုတ်ပဲ သီးသန့်တစ်နေရာဆီ ရှိနေတာဖြစ်ပြီး တစ်အိမ်ချင်းစီကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာပါ။
အရာတော်မြို့နယ်မှာ လတ်တလော စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကို အရှိန်မြင့်တင်နေပြီး လူနေအိမ်တွေ မီးရိူ့ဖျက်ဆီးတာ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ ပိုမိုလုပ်ဆောင် လာတယ်လို့ ဆိုပါတယ်။