မြဝတီ – ဝေါ်လေ လမ်းမပေါ်မှာ စနိုက်ပါလက်ချက်နဲ့ အကြမ်းဖက်စစ်သား အနည်းဆုံး ၆ ဦးသေ

မြဝတီ – ဝေါ်လေ လမ်းမပေါ်မှာ စနိုက်ပါစစ်သည်တွေရဲ့လက်ချက်နဲ့ အကြမ်းဖက်စစ်သား အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ယမန်နေ့ နေ့ခင်းပိုင်းက မြဝတီ – ဝေါ်လေ လမ်းမကြီးပေါ်ရှိ ပလယ်ဒို ရွာအနီးကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Cobra Column ကထုတ်ပြန်ပါတယ်။
စနိုက်ပါစစ်သည်ရဲ့ စွမ်းဆောင်မှုနဲ့ အကြမ်းဖက် စစ်သားတွေ ထိခိုက်သေဆုံးခဲ့ပေမဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။