မြန်မာ ဒုက္ခသည် ၂၀၀၀ ကို ဩစတြေးလျ လက်ခံမယ်

လက်ရှိ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကို ဒေါ်လာ ၉၅ သန်းကျော် ကူညီမယ့်အပြင် မြန်မာဒုက္ခသည် ၂၀၀၀ ကိုလည်း လက်ခံသွားမှာလို့ ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောပါတယ်။
မြန်မာအရေးကို လှုပ်ရှားဆောင်ရွက်နေတဲ့ လွှတ်တော်အမတ် ဒန်စမစ်က ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြားချက်ကို ကိုးကားပြီး ရေးသားလိုက်တာပါ။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အကူအညီလိုအပ်နေတဲ့ မြန်မာ နိုင်ငံက ဒုက္ခသည် ၂၀၀၀ ကို လူ သားချင်းစာနာမှု အစီအစဉ်အရ ဗီဇာထုတ်ပေးမယ်လို့ ဝန်ကြီးချုပ်ကပြောကြောင်း ဒန်စမစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာပါ။
ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ မြန်မာ CDM စစ်ဘက်အရာရှိ တချို့ကို ဩစတြေးလျမှာ ခိုလှုံခွင့်ပေးတဲ့ သတင်းကို မကြာသေးခင်က ဩစတြေးလျ မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။