ဟင်္သာတမှာ ဆိုင်ကယ်ရပ်မပေးလို့ ပစ်ခတ်ခံရပြီး လူငယ်တစ်ဉီးသေဆုံ

ဧရာဝတီတိုင်း၊ ာ ဆိုင်ကယ်စစ်ဖို့ တားတာကို ရပ်မပေးလို့ဆိုပြီး အကြမ်းဖက်ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၄ ရက်နေ့၊ ည ၉ နာရီလောက်က ဟင်္သာတမြို့အစွန်၊ မြို့ရှောင်လမ်းမှာ ပစ်ခတ်ခံရခြင်းဖြစ်ပြီး မတ်လ၂၅ ရက်နေ့မနက်ပိုင်းက ဟင်္သာတမြို့ ဆေးရုံကြီးမှာ သေဆုံးသွားခဲ့ပေမဲ့ စစ်အုပ်စုက ဖုံးဖိထားတာကြောင့် ၂၅ ရက်နေ့ညသန်းခေါင်မှာ သတင်းတိကျ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဟင်္သာတမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
သေနတ်နဲ့ အပစ်ခံရတဲ့သူဟာ အသက် ၁၉ နှစ်ဝန်းကျင်ရှိ အမည်မသိ လူငယ်တစ်ဦးဖြစ်ပြီး မြန်အောင်မြို့နယ်၊ ကနောင်ဘက်ကလို့ သိရှိရကြောင်း ထုတ်ပြန်ထားပါတယ်။
အရင်ကလည်း ဟင်္သာတမြို့မှာ ပစ်ခတ်ဖမ်းဆီးတာတွေ ရှိပေမဲ့ သေဆုံးမှုမရှိတဲ့အတွက် အခုသေဆုံးမှုဟာ ဟင်္သာတမြို့အတွက် ပထမဆုံး သွေးမြေကျခြင်းလို့ ဆိုပါတယ်။
ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ သေဆုံးသူ ဘယ်သူလဲဆိုတာကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။