လာမယ့်မတ်လ ၂၇ ရက်နေ့၊ တော်လှန်ရေးနေ့ညမှာ မီးပိတ်သပိတ် ဆင်နွှဲကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ကိုပုံပြောင်းဖော်ပြခဲ့တဲ့ တပ်မတော်နေ့ဆိုတာကို ဆန့်ကျင်တဲ့အနေနဲ့မတ်လ ၂၇ ရက်နေ့၊ ညဘက် စစ်အုပ်စုမီဒီယာတွေရဲ့ သတင်းလာချိန် ည ၈ နာရီကနေ ၈ နာရီခွဲ အထိ နိုင်ငံ တစ်ဝန်း အိမ်တိုင်းက လျှပ်စစ်မီး မသုံးဘဲ ဆန္ဒပြကြဖို့ ဖိတ်ခေါ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကာလ အလွန်မှာ နေ့စဉ်ပြတ်တောက်နေတဲ့ လျှပ်စစ်မီးကို အချိန်ပိုင်း မသုံးဘဲ ဆန္ဒပြခြင်း ဖြစ်သလို စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ စစ်အုပ်စု လျှပ်စစ်ဌာနကို အကျပ်အတည်းဖြစ်နေတဲ့ မိနစ် ၃၀ လည်း ဖြစ်တယ်လို့လည်းဆိုပါတယ်။